Wednesday, September 20, 2023

Calculation Gold

 ရွှေစျေး တွက်နည်း 




လန်ဒန်ရွှေမှမြန်မာစျေးအကြမ်းတွက်နည်း 

World gold price in ounce x $to Ks /1.875=


2030 x 1370= ?   /1•875= ?


တစ်အောင်စ=၁ကျပ် ၁၄ပဲ 


မြန်မာရွှေစျေး 


ခေါက်ရွှေမှ ၁၅ပဲ(အပြင်စပ်)ရည် စျေးတွက်နည်း 

ဒင်္ဂါးရွှေ စျေးတွက်နည်း 



2890000 ခေါက် 

2719900(16/17x2890000) (၁၅ဲရည်)

2612400(16/17.7x2890000)(၁၄ဲရည်) 



ကျပ်သားကနေ ဂရမ် (g) 

5မူးကို 8.16466g

1ကျပ်သား -16.3292




Thursday, February 16, 2023

ရွှေပညာ

 16ပဲ တစ်ကျပ် 

၈ပဲ ငါးမူး 

၄ပဲ တစ်မတ် 

၂ပဲ တစ်မူး 

၁ပဲ 8ရွေး (သို့) 7.5 ရွေး 

(ခုနှစ်ရွေးခြမ်း (သို့) ခုနှစ်ရွေးငါးပွိုင့်)

(တွက်နည်း)

၁ကျပ်၂ပဲ၅ရွေး၃ပွိုင့် ၁ိ၂ဲ ၅.၃ွး

5.3ရွေးအစား၈ရွေး +၂ပဲ အစား၁၆ +၁ကျပ် 

အမြောက် ရွှေပေါက်စျေး 

အထည်ဖြစ်ဆိုရင်တော့ အလျော့တွက်ထည့်ပေါင်းတွက်ရပါတယ်ဗျ 


ရွှေလက်စွပ်ဆိုရင် ဥပမာ 

အလျော့ ၂ရွေးခြမ်း+တင်ချိန် ၂ပဲ၅ရွေး

၂.၅ရွေး +၂ဲ ၅ရွေး=၂ပဲ  ၇.၅ရွေး YGM(သို့)၃ဲMDY 

YGM တစ်ပဲမှာ ၈ရွေး

၇.၅ရွေး အစား ၈ရွေး +၂ပဲ အစား ၁၆ အမြှောက် ရွှေပေါက်စျေး 

(သို့)

MDY တစ်ပဲမှာ ၇.၅ရွေး

၃ပဲ အစား ၁၆ အမြှောက် ရွှေပေါက်စျေး



အတွင်းစပ် (ညံ့)

အပြင်စပ် (ကောင်း)


ရွှေဝယ်ရင် ဝယ်တဲ့အခါစျေးဆစ်တာထက် ရောင်းတဲ့အခါ ဘယ်လောက်ပြန်ရမလဲ မေးမြန်းပြီးဝယ်သင့်ပါသည်။


ဒုံးရွှေဆိုတာ အလျော့လက်ခ မပါဘဲရောင်းတဲ့ ဆိုင်ကျန် သို့မဟုတ် အဟောင်းရွှေကိုဆိုလိုတာပါ 

ပုံမှန်အားဖြင့် ရွှေစုတဲ့အခါ စပုရိန်ကွင်းက အလျော့လက်ခ ပေးရသက်သာပါတယ် 

မောင်းကွင်းလည်း သက်သာပေမယ့် မောင်းကွင်းမှာ ပြန်ဆက်ဖို့ ရွှေဂဟေ တို့ရပါတယ် 


အခုနောက်ပိုင်း ၅ကျပ်ရှုံး (တစ်သိန်းတန်ရွှေနားကပ်ဝယ် ပြန်ရောင်းရင် ၉၅၀၀၀ပြန်ရ)ဆိုင်များ အထည်မပျက် ပစ္စည်းလှဲလှယ်လျှင် ငွေအပြည့် ပြန်ပေးသောဆိုင်များ (ထိုဆိုင်မှ တစ်သိန်းတန်နားကပ်ကို ပြန်ပေးပြီး ၂သိန်းတန်နားကပ်ကို ပြန်ဝယ်လျှင် သင့်အနေဖြင့် တစ်သိန်းသာ ပြန်ပေးရသောစနစ်)တွင် စုသင့်ပါသည် 


Shwe Sin Myint Mo

09 40266 0203

https://goo.gl/maps/vdAykiKmhWhDMvTe7


အထည်ဖြစ်ထက် မောင်းကွင်းစပုရိန်က သက်သာသလို 

အခဲဖြတ်စက အထက်ပါတို့ထက် စျေးသက်သာပါသည်။ ဖြတ်စဆိုသည်မှာ ၁၀သားရှိသော် အပိုင်းမှ ခွဲထုတ်လိုက်သော အပိုင်းအစများကိုဆိုလိုပါသည်။ 

စျေးအသက်သာဆုံးမှာ တစ်ဆယ်သားပိုင်းဖြစ်ပါသည်။


ကြားရွှေဆိုတာ အကယ်သမီမဟုတ်တဲ့ အခြားသော ရွှေအပိုင်းတံဆိပ် အားလုံးကိုဆိုလိုတာပါ